ယေရမိအနာဂတ္တိကျမ်း 50:13-15
13
ထာဝရဘုရား၏ အမျက်တော်ကြောင့် နောက် တဖန်လူမနေရ။ ဆိတ်ညံသောအရပ် သက်သက်ဖြစ်ရ လိမ့်မည်။ ဗာဗုလုန်မြို့နားမှာ ရောက်သွားသော သူတိုင်း အံ့ဩ၍၊ သူခံရသောဘေးဥပဒ်ကို ထောက်လျက်၊ ကဲ့ရဲ့ သံကိုပြုကြလိမ့်မည်။
14
ဗာဗုလုန်မြို့ပတ်လည်၌ တပ်ခင်းကျင်းကြ လော့။ သူသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ လေးသမားအပေါင်းတို့၊ မြှားကိုမနှမြောဘဲ ပစ်ကြလော့။
15
မြို့ပတ်လည်၌ ကြွေးကြော်ကြလော့။ သူသည် ဝန်ချပြီ။ မြို့ရိုးနှင့် ပြအိုးတို့သည် ပြိုလဲကြပြီ။ ထာဝရ ဘုရား၏အမျက်တော်ပြေခြင်း အမှုဖြစ်၍၊ သူ့ကိုအပြစ် နှင့်အလျောက်စီရင်ကြလော့။ သူသည်ပြုဘူးသည် အတိုင်းသူ၌ ပြုကြလော့။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်