Skip to content
ယေရမိအနာဂတ္တိကျမ်း 48:11-13

မောဘ၏ အေးဆေးလုံခြုံ၍ သက်သာနေခြင်း

ယေရမိအနာဂတ္တိကျမ်း 48:11-13
11
မောဘသည်အိုးတလုံးမှ တလုံးသို့မပြောင်း၊ တကျွန်းတနိုင်ငံသို့ ယူသွားခြင်းကိုမခံ၊ ငယ်သော အရွယ်မှစ၍ ငြိမ်လျက်၊ မိမိအဖတ်အနည်ပေါ်၌ နေရာ ကျလျက်ရှိသောကြောင့်၊ မိမိအရသာသည် တည့်နေ၏။ မွှေးသောအနံ့လည်း မပျက်။
12
သို့ရာတွင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ စောင်း၍ထားတတ်သောသူတို့ကို သူ့ထံသို့ ငါစေလွှတ်ရ သော အချိန်ရောက်လိမ့်မည်။ သူတို့သည် မောဘကို စောင်း၍ ထားပြီးလျှင်၊ သူ၏အိုးတို့ကိုသွန်၍ ရေဘူးတို့ကို ခွဲကြလိမ့်မည်။
13
ဣသရေလအမျိုးသည် မိမိတို့ခိုလှုံသော ဗေသလဘုရားကြောင့် ရှက်ရသကဲ့သို့၊ မောဘအမျိုး သည်လည်း ခေမုရှဘုရားကြောင့် ရှက်ရလိမ့်မည်။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options