Skip to content
ယေရမိအနာဂတ္တိကျမ်း 41:7-9

ယေရမိအနာဂတ္တိကျမ်း 41:7-9

7
မြို့ထဲသို့ရောက်ပြီးလျှင်၊ နာသနိသားဣရှမေလ နှင့် သူ၏လူများတို့သည် ထိုသူတို့ကိုသတ်၍၊ မြေတွင်း ထဲသို့ ပစ်ချကြ၏။
8
ထိုသူတို့တွင်ပါသော လူတကျိပ်တို့က၊ အကျွန်ုပ် တို့ကို မသတ်ပါနှင့်။ အကျွန်ုပ်တို့သိုထားသော ဥစ္စာတည်း ဟူသောဂျုံ၊ မုယော၊ ဆီ၊ ပျားရည်သည်တော၌ရှိပါ၏ဟု၊ ဣရှမေလအားပြောဆိုသောကြောင့်၊ ထိုသူတို့ကိုသူတို့ ညီအစ်ကိုများနှင့်အတူ မသတ်ဘဲနေ၏။
9
ဣရှမေလသည် ဂေဒလိနှင့်အတူ သတ်သောသူ အသေကောင်များကို ပစ်ချသော တွင်းသည်အခြားတွင်း မဟုတ်၊ အာသမင်းကြီးသည် ဣသရေလရှင်ဘုရင်ဗာရှာ ကို ကြောက်၍တူးသော တွင်းဖြစ်သတည်း။ ထိုတွင်းကို နာသနိသား ဣရှမေလသည် အသေကောင်များနှင့် ပြည့်စေ၏။
Settings

Reading Style

Typeface

Font Size 19px

Options