ယေရမိအနာဂတ္တိကျမ်း 36:20-21
20
စာလိပ်ကိုစာရေးတော်ဧလိရှမာ၏ အခန်း၌ ထားပြီးမှနန်းတော်အတွင်း၊ ရှင်ဘုရင်ထံသို့ဝင်၍၊ ထိုအမှု ကို အကုန်အစင်လျှောက်ကြ၍။
21
ရှင်ဘုရင်သည် ထိုစာလိပ်ကိုယူချေဟု၊ ယေဟုဒိ ကိုစေလွှတ်သဖြင့်၊ ယေဟုဒိသည် စာရေးတော်ဧလိရှမာ ၏ အခန်းထဲကယူ၍၊ ရှင်ဘုရင်အစရှိသော အထံတော်၌ ရပ်နေသော မှူးမတ်အပေါင်းတို့ရှေ့မှာ ဘတ်လေ၏။