ယေရမိအနာဂတ္တိကျမ်း 25:15-21
15
ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား ကလည်း၊ အမျက်တော်စပျစ်ရည်ဖလားကို ငါ့လက်မှ မခံယူ လော့။ ငါသည်သင့်ကို စေလွှတ်သော လူမျိုးအပေါင်း တို့ကို သောက်စေလော့။
16
သူတို့အလယ်သို့ ငါစေလွှတ်သော ထားကြောင့် သူတို့သည် သောက်၍ ယစ်မူးတိမ်းယိမ်းခြင်းသို့ ရောက် ကြလိမ့်မည်ဟု ငါ့အား မိန့်တော်မူသည်အတိုင်း၊
17
ငါသည် ထာဝရဘုရား၏ လက်တော်မှ ထို ဖလားကိုခံယူ၍၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မူသော လူမျိုးအပေါင်းတို့ကို သောက်စေ၏။
18
ထိုလူမျိုးများဟူမူကား၊ ယနေ့ရှိသည်အတိုင်း လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ ကျိန်ဆဲ ရာဖြစ်စေခြင်းငှါ၊ သောက်ရသော ယေရုရှလင်မြို့သူ၊ ယုဒပြည်သား၊ ယုဒရှင်ဘုရင်များ၊ မှူးမတ်များ၊
19
အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင် အစရှိသော သူ၏ ကျွန်၊ မှူးမတ်၊ ပြည်သူပြည်သား၊ သူတို့နှင့် ရောနှောသော တပါးအမျိုး သားရှိသမျှ၊
20
ဥဇမင်းအပေါင်း၊ ဖိလိတ္တိမင်းအပေါင်း၊ အာရှ ကေလုန်ပြည်သား၊ ဂါဇပြည်သား၊ ဧကြုန်ပြည်သား၊ ကျန်ကြွင်းသော အာဇုတ်ပြည်သား၊
21
ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန် ပြည်သား၊
Settings