Skip to content
ယေရမိအနာဂတ္တိကျမ်း 10:17-22

ပြည်နှင်ခံရခြင်းနှင့် ငိုကြွေးခြင်း နီးကပ်လာခြင်း

ယေရမိအနာဂတ္တိကျမ်း 10:17-22
17
အိုရဲတိုက်၌နေသောသူ၊ မြေပေါ်မှာရှိသော သင်၏ဥစ္စာပရိကံများကို စုသိမ်းလော့။
18
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုပင် ငါသည်လောက် လွှဲစာကိုပစ်သကဲ့သို့၊ ပြည်သားများကို လောက်လွှဲထဲကပစ်၍၊ ရန်သူတို့ လက်သို့ရောက်စေခြင်း ငှါ ညှဉ်းဆဲမည်ဟု မိန့်တော်မူ၏။
19
ငါသည် ချိုးဖျက်ခြင်းကိုခံရသောကြောင့် အမင်္ဂလာရှိ၏။ ငါ့အနာ ပြင်းလှ၏။ သို့သော်လည်း၊ ငါတွေ့သော ဤဒုက္ခဝေဒနာကို ဆက်ဆက်ခံရမည်ဟု ငါဆို၏။
20
ငါ့တဲလည်းပျက်၏။ ငါ့ကြိုးရှိသမျှတို့လည်း ပြတ်ကြ၏။ ငါ့သားတို့လည်း ငါ့ထံမှထွက်သွား၍ ပျောက် ကြ၏။ နောက်တဖန်ငါ့တဲကို ဆောက်ရသောသူ၊ ငါ့ကုလားကာတို့ကို ဆွဲကာရသောသူမရှိ။
21
အကြောင်းမူကား၊ သိုးထိန်းတို့သည် တိရစ္ဆာန် သဘောရှိ၍၊ ထာဝရဘုရားကို မရှာဖွေသောကြောင့် အကြံမမြောက်ရကြ။ သိုးစုအပေါင်းတို့သည် အရပ်ရပ်သို့ ကွဲပြားရကြ၏။
22
အသံကိုကြားရ၏။ အနီးသို့လာ၏။ ယုဒမြို့တို့ကို ဖျက်ဆီး၍၊ မြေခွေးနေရာတွင် ဖြစ်စေခြင်းငှါ၊ ကြီးသော အသံဗလံသည် မြောက်မျက်နှာကလာ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options