ဟေရှာယအနာဂတ္တိကျမ်း 63:17-19
17
အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းမှ အကျွန်ုပ်တို့ကို အဘယ်ကြောင့်လွှဲစေတော်မူသနည်း။ ကိုယ်တော်ကိုမကြောက်ရွံ့မည်အကြောင်း၊ အကျွန်ုပ်တို့၏ စိတ်နှလုံးကိုအဘယ်ကြောင့် ခိုင်မာစေတော်မူသနည်း။ ကိုယ်တော်၏ ကျွန်ုပ်တို့အတွက်၊ အမွေတော်ဖြစ်သောအနွှယ်တို့အတွက် ပြန်လာတော်မူပါ။
18
ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ခဏသာအစိုးရပြီးမှ၊ ရန်သူတို့သည် သန့်ရှင်းရာဌာနတော်ကို ကျော်နင်း ကြသည်ဖြစ်၍၊
19
အကျွန်ုပ်တို့သည် ကိုယ်တော်မအုပ်စိုးဘူးသော သူကဲ့သို့၎င်း၊ နာမတော်ဖြင့် သမုတ်ခြင်းကိုမခံဘူးသော သူကဲ့သို့၎င်းဖြစ်ကြပါ၏။ ဖြောင့်မတ်ခြင်းတရားကို ဟော၍၊ ကယ်တင်ခြင်းငှါ တန်ခိုးကြီးသော ငါပေတည်း။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်