Skip to content
ဟေရှာယအနာဂတ္တိကျမ်း 60:13-17

ဟေရှာယအနာဂတ္တိကျမ်း 60:13-17

13
ငါ၏သန့်ရှင်းရာဌာနကို တင့်တယ်စေခြင်းငှါ၊ လေဗနုန်ဘုန်းနှင့်တကွ ထင်းရူးပင်၊ တဒေရပင်၊ တာရှု ရပင်တို့သည် သင့်ထံသို့ တညီတညွတ်တည်း ရောက်လာ ကြလိမ့်မည်။ ငါသည် ငါ၏ခြေတင်ရာအရပ်ကို ဘုန်းပွင့် စေမည်။
14
သင့်ကို ညှဉ်းဆဲသော သူတို့၏သားတို့သည် သင့်ထံသို့ လာ၍ ဦးချကြလိမ့်မည်။ သင့်ကို မထီမဲ့မြင် ပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ ဝပ်နေကြ လိမ့်မည်။ ထာဝရဘုရား၏မြို့၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၏ ဇိအုန်မြို့ဟူ၍၊ သင့်ကို သမုတ် ကြလိမ့်မည်။
15
သင့်ကို အဘယ်သူမျှ ရှောက်၍ မသွားရမည် အကြောင်း၊ သူတပါးတို့သည် သင့်ကို စွန့်ပစ် ရွံရှာကြ သည်အတွက်၊ ငါသည် သင့်ကို ထာဝရအထွဋ်အမြတ်ဖြစ် စေမည်။ လူမျိုးအစဉ်အဆက်ဝမ်းမြောက်စရာအကြောင်း လည်း ဖြစ်စေမည်။
16
သင်သည် တပါးအမျိုးသားတို့၏ နို့ကို စို့ရလိမ့် မည်။ ရှင်ဘုရင်တို့၏သားမြတ်ကိုလည်း စို့ရလိမ့်မည်။ ငါထာဝရဘုရားသည်၊ သင့်ကို ကယ်တင်သောသူ၊ ယာ ကုပ်အမျိုး၌ တန်ခိုးကြီးသောဘုရားသည်၊ သင့်ကို ရွေး နှုတ်သော သူဖြစ်ကြောင်းကို သင်သည် သိရလိမ့်မည်။
17
ကြေးဝါအရာ၌ ရွှေကို၎င်း၊ သံအရာ၌ ငွေကို ၎င်း၊ သစ်သားအရာ၌ ကြေးဝါကို၎င်း၊ ကျောက်အရာ၌ သံကို၎င်း ငါဆောင်ခဲ့မည်။ သင်၏ အရာရှိတီု့ကို ငြိမ် သက်သောသဘော၊ အခွန်ခံတို့ကို ဖြောင့်မတ်သော သဘောနှင့် ပြည့်စုံစေမည်။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်