Skip to content
ဟေရှာယအနာဂတ္တိကျမ်း 60:10-14

လူမျိုးတို့သည် ဇိအုန်ကို အစေခံ၍ ပြန်လည်တည်ဆောက်ခြင်း

ဟေရှာယအနာဂတ္တိကျမ်း 60:10-14
10
တပါးအမျိုးတို့သည် သင်၏မြို့ရိုးကို တည်ကြ လိမ့်မည်။ ရှင်ဘုရင်တို့သည်လည်း သင့်ကို ပြုစုကြလိမ့် မည်။ အကြောင်းမူကား၊ ငါသည် အမျက်ထွက်၍ သင့်ကို ဒဏ်ခတ်သော်လည်း၊ စေတနာစိတ်နှင့် သနားဦးမည်။
11
တပါးအမျိုးသားတို့၏ စည်းစိမ်ကို သင့်ထံသို့ ဆောင်ခဲ့၍၊ သူတို့၏ရှင်ဘုရင်တို့ကိုလည်း ပို့သမည် အကြောင်း၊ သင်၏တံခါးတို့ကို နေ့ညဉ့်မပိတ်ဘဲ အစဉ် ဖွင့်ထားရလိမ့်မည်။
12
အကြင်ပြည်နှင့် အကြင်နိုင်ငံသည် သင်၏အမှု ကို မဆောင်၊ ထိုပြည်နှင့် ထိုနိုင်ငံသည် ပျက်စီးရလိမ့် မည်။ ထိုသို့သော တိုင်းနိုင်ငံတို့သည် သုတ်သင်ပယ်ရှင်း ခြင်းကို အမှန်ခံရကြလိမ့်မည်။
13
ငါ၏သန့်ရှင်းရာဌာနကို တင့်တယ်စေခြင်းငှါ၊ လေဗနုန်ဘုန်းနှင့်တကွ ထင်းရူးပင်၊ တဒေရပင်၊ တာရှု ရပင်တို့သည် သင့်ထံသို့ တညီတညွတ်တည်း ရောက်လာ ကြလိမ့်မည်။ ငါသည် ငါ၏ခြေတင်ရာအရပ်ကို ဘုန်းပွင့် စေမည်။
14
သင့်ကို ညှဉ်းဆဲသော သူတို့၏သားတို့သည် သင့်ထံသို့ လာ၍ ဦးချကြလိမ့်မည်။ သင့်ကို မထီမဲ့မြင် ပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ ဝပ်နေကြ လိမ့်မည်။ ထာဝရဘုရား၏မြို့၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၏ ဇိအုန်မြို့ဟူ၍၊ သင့်ကို သမုတ် ကြလိမ့်မည်။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options