Skip to content
ဟေရှာယအနာဂတ္တိကျမ်း 50:10-11

ထာဝရဘုရားကို ယုံကြည်ကိုးစားရန် ခေါ်တော်မူခြင်း

ဟေရှာယအနာဂတ္တိကျမ်း 50:10-11
10
သင်တို့တွင် အဘယ်သူသည် ထာဝရဘုရားကို ကြောက်ရွံ့သနည်း။ ထိုသူသည် ကိုယ်တော်ကျွန်၏ စကားသံကို နားထောင်ပါစေ။ အဘယ်သူသည် အလင်း မရှိဘဲ မှောင်မိုက်၌သွားလာသနည်း။ ထိုသူသည် ထာဝရ ဘုရား၏ နာမတော်ကို ခိုလှုံ၍၊ မိမိဘုရားသခင်ကို အမှီ ပြုပါစေ။
11
မီးကိုညှိ၍ မိမိတို့ကို မီးပွားတို့နှင့် ဝန်းရံစေသော သူအပေါင်းတို့၊ သင်တို့မီး၏အလင်း၌၎င်း၊ သင်တို့ ပြုစု သော မီးစများ၌၎င်း သွားလာကြလော့။ ငါ့လက်၌ ခံရ သော အကျိုးဟူမူကား၊ သင်တို့သည် ဝမ်းနည်းလျက် အိပ်ရကြလိမ့်မည်။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options