ဟေရှာယအနာဂတ္တိကျမ်း 30:16-17
16
ငါတို့သည် ထိုသို့မနေ၊ မြင်းစီး၍ ပြေးမည်ဟု ဆိုသောကြောင့်၊ သူတပါးတို့သည် သင်တို့ကို ပြေးစေ မည်။ ငါတို့သည် လျင်မြန်စွာ စီးသွားမည်ဟု ဆိုသော ကြောင့်၊ သင်တို့ကို လိုက်သောသူတို့သည် လျင်မြန်ကြ လိမ့်မည်။
17
သင်တို့သည် တောင်ထိပ်ပေါ်မှာ စိုက်သောမုတ် တိုင်ကဲ့သို့၎င်း၊ ကုန်းပေါ်မှာထူသော အလံကဲ့သို့၎င်း ဖြစ် ရသည်တိုင်အောင်၊ တယောက်သော သူသည် ခြိမ်းလျှင်၊ တထောင်သောသူတို့သည် ပြေးကြလိမ့်မည်။ ငါးယောက် ခြိမ်းလျှင်၊ တသောင်းပြေးကြလိမ့်မည်။
Settings