Skip to content
ဟေရှာယအနာဂတ္တိကျမ်း 30:14-15

ဟေရှာယအနာဂတ္တိကျမ်း 30:14-15

14
မြေအိုးကွဲသကဲ့သို့ ကွဲရလိမ့်မည်။ ကွဲရာတွင် လည်း မီးဖိုထဲက မီးခဲခံစရာဘို့၊ ရေကန်ထဲက ရေခပ်စရာ ဘို့ အိုးခြမ်းတခုမျှ မရှိစေခြင်းငှါ၊ နှမြောခြင်း မရှိဘဲ ခွဲ ခြင်းကို ခံရလိမ့်မည်။
15
ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသော ဘုရား၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင် တို့သည် ပြောင်းလဲ၍ ငြိမ်ဝပ်စွာ နေလျှင်၊ ကယ်တင်ခြင်း သို့ ရောက်ကြလိမ့်မည်။ ငြိမ်ဝပ်စွာနေခြင်း၊ ယုံကြည်ခြင်း အားဖြင့် ခွန်အားအစွမ်းကို ရကြလိမ့်မည်။ သင်တို့သည် ထိုသို့သော အလိုမရှိကြ။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်