Skip to content
ဟေရှာယအနာဂတ္တိကျမ်း 3:18-24

ဟေရှာယအနာဂတ္တိကျမ်း 3:18-24

18
ထိုကာလ၌ ဘုရားရှင်သည် သူတို့ခြေချင်း၊ ဈာဦးထုပ်၊ လဆန်းရုပ်လည်ဆွဲ၊
19
နားသန်သီး၊ လက်ကောက်၊ မျက်နှာဖုံး၊
20
ပေါင်းသရဖူ၊ ရွှေခြေကြိုး၊ ခါးပန်း၊ နှာခေါင်းဘူး၊
21
လက်ဖွဲ့၊ လက်စွပ်၊ နှာဆွဲ၊
22
ရွှေဈာအင်္ကျီ၊ တပက်၊ ခေါင်းခြုံ၊ လွယ်အိတ်၊
23
လွယ်မှန်၊ အတွင်းအင်္ကျီ၊ ဦးရစ်၊ တင်းတိမ်တို့ကို ပယ်ရှင်းတော်မူမည်။
24
မွှေးသော အနံ့အရာ၌ ပုပ်စပ်သောအနံ့၊ ခါးစည်းအရာ၌ ခါးကြိုး၊ ကျစ်သောဆံပင်အရာ၌ ခေါင်း ထုံးခြင်း၊ ရင်စည်းတန်ဆာအရာ၌လျှောတေကြိုး၊ လှသော အဆင်းရာ၌ သံပူထိုးချက်ရာ ဖြစ်ရလိမ့်မည်။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်