ဟေရှာယအနာဂတ္တိကျမ်း 23:17-18
17
အနှစ်ခုနစ်ဆယ် လွန်သောအခါ၊ ထာဝရဘုရား သည် တုရုမြို့ကို အကြည့်အရှု ကြွလာတော်မူလိမ့်မည်။ သူသည်လည်း တဖန်အမြတ်ရသော ဘာသာသို့လိုက်ပြန် ၍၊ မြေကြီးမျက်နှာပေါ်မှာ ရှိသမျှသော လောကီနိုင်ငံတို့ နှင့် မတရားသော ဓမထုန်ကိုပြုလိမ့်မည်။
18
သို့ရာတွင်၊ သူ၏ ကုန်သွယ်ခြင်း၊ အမြတ်ရခြင်း အရာတို့သည် ထာဝရဘုရားအဘို့ သန့်ရှင်းလိမ့်မည်။ ဆည်းဖူးသိုထားခြင်းကို မပြုရ။ ကုန်သွယ်သော ဥစ္စာ သည် ထာဝရဘုရားရှေ့တော်၌ နေသောသူတို့အဘို့ ဖြစ်၍ သူတို့သည် ဝစွာစား၍ ခိုင်သောအဝတ်ကို ဝတ်ကြလိမ့်မည်။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်