ဟောရှေအနာဂတ္တိကျမ်း 5:11-14
11
ဧဖရိမ်သည် ညှဉ်းဆဲခြင်းကို ခံရ၏။ တရား စီရင်ခြင်းနှင့်တွေ့၍ ဆုံးရှုံးရ၏။ အကြောင်းမူကား၊ အမိန့်တော်အတိုင်း ကျင့်လေပြီ။
12
ထိုကြောင့်၊ ငါသည် ဧဖရိမ်၌ ကိုက်တတ်သော ပိုးကောင်၊ ယုဒအမျိုး၌ စားတတ်သော အနာကဲ့သို့ ဖြစ်မည်။
13
ဧဖရိမ်သည် မိမိအပေါက်တို့ကို၎င်း၊ ယုဒသည် မိမိအနာကို၎င်း မြင်သောအခါ၊ ဧဖရိမ်သည် အာရှု ရှိမင်းထံသို့ သွား၍၊ ယုဒသည် ရှင်ဘုရင်ယာရက်ထံသို့ စေလွှတ်သော်လည်း၊ ထိုမင်းတို့သည် သင်တို့အပေါ်ကို မဖါနိုင်၊ အနာကိုလည်း မပျောက်စေနိုင်ကြ။
14
အကြောင်းမူကား၊ ငါသည် ဧဖရိမ်၌ ခြင်္သေ့ကဲ့သို့၎င်း၊ ယုဒအမျိုး၌ ခြင်္သေ့ပျိုကဲ့သို့၎င်း ဖြစ်မည်။ငါသည် ကိုယ်တိုင်ကိုက်ဖြတ်၍ သွားမည်။ ချီသွား၍ အဘယ်သူမျှ မနှုတ်ရ။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings