အကြောင်းအရာသို့ ကျော်သွားရန်
ဟေဗြဲဩဝါဒစာ 10:26-31

အလိုအလျောက်ပြုသော အပြစ်နှင့် ယုံကြည်ခြင်းမှ စွန့်ခွာခြင်းကို သတိပေးခြင်း

ဟေဗြဲဩဝါဒစာ 10:26-31
26
အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသာယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ၊
27
ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက်ဘွယ်သော မြော်လင့်ရသောအကြောင်း၊ ငြင်းဆန်သော သူတို့ကို ဖျက်ဆီးဘို့ရာ အမျက်တော် မီးလောင်ခြင်းကို ခံရသောအကြောင်းရှိ၏။
28
မောရှေ၏ တရားကိုပယ်သော သူမည်သည် ကား၊ သက်သေခံ နှစ်ဦးသုံးဦးလျှင်၊ သနားခြင်းကို မခံရဘဲ သေရ၏။
29
ထိုမျှမက၊ ဘုရားသခင်၏ သားတော်ကို ခြေဖြင့်ကျော်နင်းလျက်၊ မိမိကိုစင်ကြယ်စေသော ပဋိညာဉ် တရား၏ သွေးကိုအပြစ်တင်လျက်၊ ဆုကျေးဇူးကိုပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင်ပြုလျက်ရှိသော သူသည်၊ အဘယ်မျှလောက် ကြီးစွာသောဒက်ဖြင့် ခံထိုက်သည်ကို သင်တို့ ထင်ကြသနည်း။
30
ငါသည်အပြစ်တရားကိုစီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟူ၍၎င်း၊ ထာဝရဘုရားသည် မိမိလူတို့အဘို့ တရားစီရင်မည်ဟူ၍၎င်း မိန့်တော်မူသောသူကို ငါတို့သည် အမှန်သိကြ၏။
31
အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်း အမှုသည် ကြောက်မက် ဘွယ်သောအမှုဖြစ်သတည်း။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options