ဟဂ္ဂဲအနာဂတ္တိကျမ်း 2:20-22
20
ထိုလနှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရဘုရား ၏နှုတ်ကပတ်တော်သည် ဟဂ္ဂဲသို့ တဖန်ရောက်လာ၍၊
21
သင်သည် ယုဒမြို့ဝန်၊ ဇေရုဗဗေလကို ဆင့်ဆို ရမည်မှာ၊ ငါသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်မည်။
22
တိုင်းနိုင်ငံတို့၏ ရာဇပလ္လင်များကို မှောက်လှန် ၍၊ အမျိုးမျိုးသော တိုင်းနိုင်ငံတန်ခိုးကို ဖျက်ဆီးမည်။ ရထားနှင့် ရထားစီးသူရဲတို့ ကိုလည်း မှောက်လှန်မည်။ မြင်းနှင့် မြင်းစီးသူရဲ တို့သည် တယောက်ကို တယောက်ခုတ်၍ လဲကြလိမ့်မည်။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်