ဟဗက္ကုတ်အနာဂတ္တိကျမ်း 3:10-11
10
တောင်တို့သည် ကိုယ်တော်ကို မြင်၍ တုန်လှုပ် ကြပါ၏။ လျှံသော ရေသည် လွှမ်းမိုးပါ၏။ ပင်လယ်သည် အော်ဟစ်၍ လက်ကို ချီပါ၏။
11
နေနှင့်လသည် မိမိတို့နေရာ၌ရပ်၍ နေပါ၏။ သူတို့ အလင်း၌ မြှားတော်တို့သည် သွား၍၊ သူတို့ရောင် ခြည်၌ လှံတော်သည်လည်း လျှပ်စစ်ပြက်ပါ၏။