ကမ္ဘာဦးကျမ်း 38:13
အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 13 ကို ပြသနေသည်။
10
ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူ သောကြောင့်၊ ဩနန်ကိုလည်း ကွပ်မျက်တော်မူ၏။
11
သားငယ်ရှေလသည် အစ်ကိုတို့သေသကဲ့သို့ သေမည်ဟုယုဒသည် စိုးရိမ်၍၊ မိမိချွေးမတာမာကို ခေါ်ပြီးလျင်၊ ငါ့သားရှေလအကြီးမှီ သင်သည် သင့်အဘ အိမ်၌ မုတ်ဆိုးမပြု၍ နေပါဟုဆိုသည်အတိုင်း၊ တာမာ သွား၍ မိမိအဘ၏အိမ်၌နေလေ၏။
12
ကာလအင်တန်ကြာသော်၊ ရှုအာသမီးဖြစ်သော ယုဒမယား လည်းသေလေ၏။ ယုဒသည်နှစ်သိမ့်ပြီးမှ၊ မိမိသိုးမွေးညှပ်သောသူတို့ရှိရာ တိမနတ်မြို့သို့ မိမိအဆွေ အဒုလံအမျိုး ဟိရနှင့်အတူ သွားလေ၏။
13
မိမိယောက္ခမသည် သိုးမွေးကိုညှပ်ခြင်းငှါ၊ တိမနတ်မြို့သို့သွားကြောင်းကို၊ တာမာကြားလျှင်၊
14
မုတ်ဆိုးမအဝတ်ကို ချွတ်၍ မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက်၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ်မြို့ သို့ သွားသောလမ်းအနား၊ ဧနိမ်မြို့တံခါးဝ၌ ထိုင်နေလေ ၏။ အကြောင်းမူကား၊ ရှေလကြီးသော်လည်း၊ မိမိနှင့် အိမ်ထောင်ဘက်မပြုရဟု သိမြင်သောကြောင့်တည်း။
15
ယုဒသည် ထိုမိန်းမကိုမြင်သောအခါ၊ သူသည် မိမိမျက်နှာကိုဖုံး၍ နေသောကြောင့်၊ ပြည်တန်ဆာ ဖြစ်သည်ဟု ထင်မှတ်လျက်၊
16
လမ်းကိုလွှဲ၍ အနားသို့ချဉ်းပြီးလျှင်၊ သင့်ထံသို့ ငါဝင်ရသောအခွင့်ကိုပေးပါလော့ဟု ဆိုလေသော်၊ မိန်းမ က၊ သင်သည် ကျွန်မထံသို့ဝင်လိုသောငှါ အဘယ်ဆုကို ပေးမည်နည်းဟု မေးလျှင်၊
Settings