Skip to content
ကမ္ဘာဦးကျမ်း 29:15-18

ကမ္ဘာဦးကျမ်း 29:15-18

15
ယာကုပ်သည် တလခန့်မျှ နေပြီးမှ၊ လာဗန်က၊ သင်သည် ငါ့တူဖြစ်သောကြောင့်၊ အကျိုးမဲ့ ကျွန်ခံရပါ မည်လော။ ခံလိုသောအခကို ငါ့အား ပြောလော့ဟု ဆိုလေ၏။
16
ထိုအခါ လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီး ကား၊ လေအာအမည်ရှိ၏။ အငယ်ကား၊ ရာခေလအမည် ရှိ၏။
17
လေအာကား၊ မျက်စိနုညံ့၏။ ရာခေလကား၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်းလှ၏။
18
ယာကုပ်သည် ရာခေလကို ချစ်သောကြောင့်၊ လာဗန်အား၊ ဦးမင်းသမီးအငယ်ရာခေလကိုရခြင်းငှါ၊ ခုနစ်နှစ်အစေခံပါမည်ဟု ဆိုလျှင်၊
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options