ဧဇရမှတ်စာ 7:21-22
21
ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင့် တရားကို လေ့ကျက်သော ဆရာ၊ ယဇ်ပုရောဟိတ်ဧဇရတောင်းသမျှ အတိုင်း၊
22
ငွေအခွက်တထောင်၊ ဂျုံဆန်ကောရတရာ၊ စပျစ်ရည်ဗတ်တရာ၊ ဆီဗတ်တရာနှင့်တကွ ဆားမည်မျှ မဆို၊ မြစ်အနောက်ဘက်၌နေသော အခွန်ဝန်အပေါင်းတို့ သည် အလျင်အမြန်ပေးရမည်အကြောင်း၊ ငါရှင်ဘုရင် အာတဇေရဇ်အမိန့်တော်ရှိ၏။