အကြောင်းအရာသို့ ကျော်သွားရန်
ဧဇရမှတ်စာ 6:16-22

ဗိမာန်တော်အပ်နှံခြင်းနှင့် ပသခါပွဲကျင်းပခြင်း

ဧဇရမှတ်စာ 6:16-22
16
ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသားအစရှိသော သိမ်းသွားခြင်းကို ခံဘူးသော အမျိုးသားချင်းရှိသမျှတို့သည် ဘုရားသခင်၏ အိမ်တော် ကိုဝမ်းမြောက်သောစိတ်နှင့် အနုမောဒနာပွဲခံကြ၏။
17
ထိုအိမ်တော်၏ အနုမောဒနာပွဲတွင် နွားတရာ၊ သိုးထီးနှစ်ရာ၊ သိုးသငယ်လေးရာကို၎င်း၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးအလိုက် အမျိုးသားအပေါင်းတို့၏ အပြစ် ဖြေရာ ယဇ်တည်းဟူသော ဆိတ်ထီးတဆယ် နှစ်ကောင် ကို၎င်း၊ ယဇ်ပူဇော်ကြ၏။
18
မောရှေကျမ်းစာ၌ ပါသည်အတိုင်း၊ ယေရု ရှလင်မြို့၌ ဘုရားဝတ်ကို ပြုစေခြင်းငှါ၊ ယဇ်ပုရောဟိတ် အသီးအသီးတို့ကို၎င်း၊ သင်းဖွဲ့သော လေဝိသားတို့ကို၎င်း ခန့်ထားကြ၏။
19
သိမ်းသွားခြင်းကို ခံရသောအမျိုးသားတို့သည် ပဌမလတဆယ်လေးရက်နေ့တွင် ပသခါပွဲကိုလည်း ခံကြ ၏။
20
ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် တညီ တညွတ်တည်း ကိုယ်ကိုသန့်ရှင်းစေ၍၊ အလုံးစုံတို့သည် သန့်ရှင်းသဖြင့်၊ မိမိတို့အဘို့မှစ၍ ပေါက်ဘော်ချင်း ယဇ်ပုရောဟိတ်တို့အဘို့နှင့် သိမ်းသွားခြင်းကိုခံရသော အမျိုးသားအပေါင်းတို့အဘို့ ပသခါသိုးသငယ်ကို သတ်ကြ ၏။
21
သိမ်းသွားခြင်းကိုခံသော လူစုထဲက ထွက်လာ သော ဣသရေလအမျိုးသားများ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ရှာလိုသောငှါ၊ တပါး အမျိုးသား နေရာအရပ် အညစ်အကြေးကို ပယ်ရှားသော သူများအပေါင်းတို့သည် ပသခါပွဲကိုစား၍၊
22
ခုနစ်ရက်ပတ်လုံး ဝမ်းမြောက်သော စိတ်နှင့် အဇုမပွဲကိုလည်း ခံကြ၏အကြောင်းမူကား၊ ထာဝရ ဘုရားသည် ဝမ်းမြောက်သောအခွင့်ကို ပေးတော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ဗိမာန်တော် တည် ဆောက်ခြင်းအမှုမှာ၊ အာရှုရိရှင်ဘုရင် မစမည် အကြောင်း၊ စိတ်နှလုံးတော်ကို သူတို့ဘက်သို့ ကူးစေ တော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options