Skip to content
ယေဇကျေလအနာဂတ္တိကျမ်း 43:13-17

ယဇ်ပလ္လင်ကြီး၏ အတိုင်းအတာ

ယေဇကျေလအနာဂတ္တိကျမ်း 43:13-17
13
ယဇ်ပလ္လင်အတိုင်းအရှည်ကား၊ သံတောင်ဖြင့် တိုင်းလျှင်၊ ဘိနပ်အမြင့်တတောင်၊ အကျယ်တတောင်၊ ပတ်လည်အနားပတ် အကျယ်တထွာရှိ၍၊ ယဇ်ပလ္လင် ပြင်ဘက်၌ တည်ရ၏။
14
အောက်အထစ်သည် မြေနှင့်နှစ်တောင်ကွာ၍ အကျယ်တတောင်ရှိရမည်။ ငယ်သောအထစ်နှင့် ကြီး သောအထစ်သည် လေးတောင်ကွာ၍ အကျယ်တတောင် ရှိရမည်။
15
ယဇ်ပလ္လင်အမြင့်သည်လည်း လေးတောင်ရှိရ မည်။ ဦးချိုလေးချောင်းလည်း တက်ရမည်။
16
ယဇ်ပလ္လင်သည် စတုရန်းဖြစ်၍၊ အလျား တဆယ်နှစ်တောင်၊ အနံလည်း တဆယ်နှစ်တောင် ရှိရမည်။
17
အောက်အထစ်သည်လည်း စတုရန်းဖြစ်၍ အလျား တဆယ်လေးတောင်၊ အနံလည်းတဆယ် လေးတောင်ရှိရမည်။ အနားပတ်သည်လည်း အကျယ် တထွာရှိရမည်။ ဘိနပ်သည်ယဇ်ပလ္လင်ပတ်လည်၌ တတောင်ထွက်၍၊ တက်ရာလမ်းသည် အရှေ့သို့ မျက်နှာ ပြုရမည်။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options