Skip to content
ယေဇကျေလအနာဂတ္တိကျမ်း 28:9-14

ယေဇကျေလအနာဂတ္တိကျမ်း 28:9-14

9
သင့်အသက်ကို သတ်သော သူတို့လက်တွင်၊ သင်သည် ဘုရားသခင်မဟုတ်၊ လူသက်သက် ဖြစ်လျက် နှင့်၊ ငါသည် ဘုရားဖြစ်သည်ဟု သင့်အသက်ကို သတ်သောသူတို့ရှေ့မှာ အမှန်ပြောလိမ့်မည်လော။
10
အရေးဖျားလှီးခြင်းမခံသော လူသေသကဲ့သို့၊ သင်သည် တကျွန်းတနိုင်ငံသားတို့ လက်ဖြင့်သေရမည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
11
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
12
အချင်းလူသား၊ တုရုရှဘုရင်အတွက် မြည်တမ်း သော စကားကို မြွက်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်သည် ထူးဆန်းသော တံဆိပ်ဖြစ်၏။ ပညာနှင့်ပြည့်စုံ၍ တင့်တယ်ခြင်းအသရေ လည်းစုံလင်လျက်ရှိ၏။
13
ဧဒင် အရပ်၊ ဘုရားသခင်၏ ဥယျာဉ်တော်၌ နေပြီ။ သင်၏ခေါင်းပေါ်မှာ ကျောက်နီ၊ ဥဿဖရား၊ စိန်၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွ့၊ နီလာ၊ မြ၊ ပတ္တမြား အစရှိသော ကျောက်မြတ် အမျိုးမျိုးတို့ကို ဆောင်လေ၏။ ရွှေဖြင့် လုပ်သော ပတ်သာ၊ ပုလွေတို့သည်လည်း၊ သင်ဘွားသော နေ့၌ပင် သင့်အဘို့ ပြင်ဆင်လျက်ရှိကြ၏။
14
သင်သည် ဖြန့်၍ လွှမ်းမိုးသော ခေရုဗိမ် ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသော တောင်ပေါ်မှာ နေရာကျ၍ မီးတောက်သော ကျောက်တို့ တွင် သွားလာရ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်