Skip to content
ယေဇကျေလအနာဂတ္တိကျမ်း 12:21-28

တရားစီရင်ခြင်း မနှောင့်နှေး

ယေဇကျေလအနာဂတ္တိကျမ်း 12:21-28
21
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
22
အချင်းလူသား၊နေ့ရက်ကာလရွေ့လျက်ရှိ၍၊ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပျက်ကြပြီဟု၊ ဣသ ရေလပြည်၌ သုံးတတ်သော စကားပုံကား အဘယ်သို့ နည်း။
23
သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုစကားပုံကို ငါပျောက်စေမည်။ နောက်တဖန် ဣသရေလအမျိုး၌ မသုံးရကြ။ နေ့ရက် ကာလနီးပြီ။ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပြည့် စုံကြလိမ့်မည်ဟု ပြောလော့။
24
နောက်တဖန် ဣသရေလအမျိုး၌ အချည်းနှီး သောရူပါရုံမရှိရ။ ချော့မော့စွာ ပရောဖက်ပြုခြင်းလည်း မရှိရ။
25
ငါသည် ထာဝရဘုရားဖြစ်၏။ ငါပြောလျှင်၊ ပြောသည်အတိုင်း ပြည့်စုံလိမ့်မည်။ ပြည့်စုံချိန်လည်း မရွေ့ရ။ အချင်းပုန်ကန်တတ်သောအမျိုး၊ သင်တို့ လက်ထက်၌ ငါပြောမည်။ ပြောသည်အတိုင်းလည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
26
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
27
အချင်းလူသား၊ ဣသရေလအမျိုးသားတို့က၊ သူမြင်သော ဗျာဒိတ်ရူပါရုံသည် ဝေးသေး၏။ ဝေးသေး သောကာလကို ရည်မှတ်၍ ဟောတတ်သည်ဟု ပြောဆို ကြ၏။
28
သို့ဖြစ်၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ငါ၏စကားပြည့်စုံချိန်မရွှေ့ရ။ ငါပြော သည်၊ အတိုင်းလည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options