Skip to content
ထွက်မြောက်ရာကျမ်း 29:36-42

ထွက်မြောက်ရာကျမ်း 29:36-42

36
ထိုမှတပါး၊ အပြစ်ဖြေခြင်းအလိုငှါ၊ နေ့တိုင်း နွားထီးတကောင်ကို ပူဇော်၍၊ အပြစ်ဖြေရာယဇ် ပြုရမည်။ ထိုသို့ ယဇ်ပလ္လင်ဘို့ အပြစ်ဖြေခြင်းကို ပြုပြီးမှ၊ ပလ္လင်ကို စင်ကြယ်စေရမည်။ ထို့နောက် သန့်ရှင်း စေခြင်းငှါ ဆီနှင့် လိမ်းရမည်။
37
ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ဘို့ အပြစ်ဖြေခြင်းကို ပြု၍ သန့်ရှင်းစေပြီးမှ၊ အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်၍၊ ထိုပလ္လင်နှင့် တွေ့သမျှသောအရာတို့သည် သန့်ရှင်းသောအရာ ဖြစ်ရမည်။
38
ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရသောအရာ ဟူမူကား၊ အခါမလည်သော သိုးသငယ် နှစ်ကောင်ကို ယူ၍၊
39
နေ့တိုင်းအစဉ်မပြတ် နံနက်ယံ၌ တကောင်၊ ညဦးယံ၌ တကောင်ကို ပူဇော်ရမည်။
40
သိုးသငယ်တကောင်ကို ပူဇော်သောအခါ၊ သံလွင်သီးကိုထောင်း၍၊ ရသော သံလွင်ဆီသုံးလောဃ နှင့် ရောသော မုန့်ညက်တဩမဲကို၎င်း၊ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် သုံးလောဃကို ၎င်း၊ သိုးသငယ်နှင့် အတူ ပူဇော်ရမည်။
41
အခြားသော သိုးသငယ်ကို ညဦးယံ၌ ပူဇော်သောအခါ၊ နံနက်ယံ၌ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာပါသည်နည်းတူပါလျက်၊ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာပြုရမည်။
42
ထိုသို့ သင်တို့သားစဉ်မြေးဆက်တို့သည် သင်နှင့်ငါတွေ့၍ နှုတ်ဆက်ရာအရပ်၊ ထာဝရဘုရား ရှေ့တော် ၌၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ အစဉ်မပြတ် မီးရှို့သောယဇ်ကို ပူဇော်ရကြမည်။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options