Skip to content
ဧဖက်ဩဝါဒစာ 6:21-24

တုခိတ်နှင့် နောက်ဆုံးကောင်းကြီးပေးခြင်း

ဧဖက်ဩဝါဒစာ 6:21-24
21
သင်တို့သည် ငါ၌ဖြစ်သော အကြောင်းအရာများကို သိစေခြင်းငှါ၊ သခင်ဘုရားထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါချစ်သောညီ တုခိတ်သည် အလုံးစုံတို့ကို သင်တို့အား ဘော်ပြလိမ့်မည်။
22
သင်တို့သည်ငါတို့၏အကြောင်းအရာများကို သိမည်အကြောင်းနှင့်၊ ထိုသူသည်သင်တို့စိတ်နှလုံးကို သက်သာစေမည်အကြောင်း၊ ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်၏။
23
ညီအစ်ကိုတို့၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ် ပေးတော် မူသော ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာရှိပါစေသော။
24
ငါတို့သခင် ယေရှုခရစ်ကို အမှန်ချစ်သော သူအပေါင်းတို့၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။ ဧဖက်ဩဝါဒစာပြီး၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်