Skip to content
ဧဖက်ဩဝါဒစာ 4:19-24

ဧဖက်ဩဝါဒစာ 4:19-24

19
ထိုသူတို့သည် ရှက်ကြောင့်ခြင်းမရှိ၊ တပ်မက်ခြင်း အလွန်ပြင်းသည်နှင့် ညစ်ညူးသောအကျင့်အမျိုး မျိုးကို ကြိုးစား၍ ကျင့်လိုသောငှါ၊ မိမိတို့ကို ကိလေသာလက်သို့ အပ်လိုက်ကြ၏။
20
ထိုသို့ဖြစ်စေခြင်းငှါ သင်တို့သည် ခရစ်တော်တရားကို သင်ကြပြီမဟုတ်ဘဲ၊
21
အထက်ကကျင်လည်ကြသည်အရာမှာ လှည့်ဖြားတတ်သောလောဘစိတ်တို့ဖြင့် ပုပ်ပျက်သောလူ ဟောင်းကိုချွတ်ပယ်၍၊
22
စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင်၊ မှန်သောဖြောင့်မတ်ခြင်း၊
23
သန့်ရှင်းခြင်း ပါရမီ အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း၊ ခရစ်တော် ၏စကားကို ကြားနာရသည်ဖြစ်၍၊
24
ယေရှု၌ သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်