Skip to content
တရားဟောရာကျမ်း 6:18

တရားဟောရာကျမ်း 6:18

အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 18 ကို ပြသနေသည်။
15
သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ ၌ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ၏။ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကို အမျက် ထွက်၍ မြေကြီးပြင်မှာ သုတ်သင်ပယ်ရှင်းတော်မူမည်ဟု စိုးရိမ် စရာရှိ၏။
16
သင်သည် မဿာအရပ်၌ ပြုသကဲ့သို့၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို အစုံအစမ်းမပြုရ။
17
သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူ သော သက်သေခံချက်၊ စီရင်ချက်၊ ပညတ်တရားတို့ကို ကြိုးစား၍ စောင့်ရှောက်ရမည်။
18
သင်သည် ချမ်းသာရခြင်းငှာ၎င်း၊
19
ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း ရန်သူ အပေါင်းတို့ကို သင့်ရှေ့မှ နှင်ထုတ်သဖြင့်၊ သင်၏ဘိုးဘေး တို့အား ကျိန်ဆိုတော်မူသော ပြည်မြတ်ကို ဝင်စား၍ နေခြင်းငှာ၎င်း၊ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ် လျောက်ပတ်သောအမှုတို့ကို ပြုရမည်။
20
နောင်ကာလ၌ သင်၏သားက၊ ငါတို့ဘုရား သခင် ထာဝရဘုရားထားတော်မူသော ဤသက်သေခံ ချက်၊ စီရင်ထုံးဖွဲ့ချက်တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်းလျှင်၊
21
သင်က၊ ငါတို့သည် အဲဂုတ္တုပြည်၌ ဖါရောဘုရင် ၏ ကျွန်ဖြစ်၍ နေစဉ်အခါ၊ ထာဝရဘုရားသည် အားကြီး သောလက်တော်နှင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်