Skip to content
တရားဟောရာကျမ်း 30:2-10

တရားဟောရာကျမ်း 30:2-10

2
သင်၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ၍၊ ယနေ့ ငါမှာထားသမျှအတိုင်း၊ သင်နှင့် သား သမီးတို့သည် စကားတော်ကို စိတ်နှလုံးအကြွင်းမဲ့ နားထောင်လျှင်၊
3
သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်ခံ ရသော သိမ်းသွားခြင်းအမှုကို ကုန်စေမည် အကြောင်း၊ သင့်ကို သနားသဖြင့် တဖန်ပြန်လာ၍၊ အထက်ကအရပ် ရပ်နှင်ထုတ်ရာ အပြည်ပြည်တို့မှ သိမ်းယူတော်မူလိမ့် မည်။
4
သင်၏လူ အချို့တို့သည် မိုဃ်းကောင်းကင် အောက် အဝေးဆုံးသောအရပ်သို့ နှင်ထုတ်ခြင်းကို ခံရ သော်လည်း၊ ထိုအရပ်မှ သင်၏ဘုရားသခင် ထာဝရ ဘုရား သိမ်းယူဆောင်ခဲ့တော်မူလိမ့်မည်။
5
ဘိုးဘေးတို့ ဝင်စားသောပြည်သို့ တဖန်ဆောင်ခဲ့ တော်မူသဖြင့်၊ သင်သည် ဝင်စားရလိမ့်မည်။ ထိုအခါ ကျေးဇူးပြုတော်မူပြန်သဖြင့်၊ ဘိုးဘေးများတို့ထက် သင့်ကို သာ၍ များစေတော်မူလိမ့်မည်။
6
သင်သည် အသက်ရှင်မည်အကြောင်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်စေ ခြင်းငှာ၊ သင့်နှလုံးနှင့် သင့်အမျိုး၏ နှလုံးအရေဖျားကို လှီးဖြတ်တော်မူလိမ့်မည်။
7
သင်၏ရန်သူ တည်းဟူသော သင့်ကိုမုန်း၍ ညှဉ်းဆဲသောသူတို့ အပေါ်၌လည်း၊ အထက်ဆိုခဲ့ပြီးသော ကျိန်ခြင်းအမင်္ဂလာ ရှိသမျှတို့ကို သက်ရောက်စေတော်မူ လိမ့်မည်။
8
သင်သည် ပြန်လာလျက် ထာဝရဘုရား၏ စကားတော်ကို နားထောင်၍၊ ယနေ့ ငါမှာထားသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်လိမ့်မည်။
9
သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို နားထောင်၍၊
10
ဤပညတ္တိကျမ်းစာ၌ ရေးထားသော စီရင်ထုံးဖွဲ့ တော်မူချက်တို့ကို စောင့်ရှောက်လျှင်၎င်း၊ သင်၏ဘုရား သခင် ထာဝရဘုရားထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ ပြန် လာလျှင်၎င်း၊ သင်ပြုလေရာရာ၌ အောင်မည်အကြောင်း နှင့် သင်၏သားသမီး၊ တိရစ္ဆာန်၊ အသီးအနှံတိုးပွားများ ပြားမည်အကြောင်းကို စီရင်၍ သင့်အကျိုးကို ပြုစုတော် မူလိမ့်မည်။ ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့၌ အားရဝမ်းမြောက်သကဲ့သို့ သင်၌ အားရဝမ်းမြောက်၍၊ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည်။
Settings

Reading Style

Typeface

Font Size 19px

Options