Skip to content
တရားဟောရာကျမ်း 17:14-18

တရားဟောရာကျမ်း 17:14-18

14
သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ သောပြည်ကို သင်သည် ဝင်စား၍ နေသောအခါ၊ သင်က၊ ငါ့ပတ်လည်၌ နေသော တပါးသော လူမျိုးအပေါင်းတို့ နည်းတူ၊ ငါသည် ရှင်ဘုရင်အရာ၌ တစုံတယောက်ကို ချီးမြှောက်မည်ဟု ဆိုလျှင်၊
15
သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသောသူ၊ ညီအစ်ကို အမျိုးသားချင်းကိုသာ ရှင်ဘုရင်အရာ၌ ချီးမြှောက်ရမည်။ ညီအစ်ကို အမျိုးသား ချင်းမဟုတ်သော တပါးအမျိုးသားကို မချီးမြှောက်ရ။
16
ထိုရှင်ဘုရင်သည် ကိုယ်အဘို့ များစွာသော မြင်း တို့ကို မမွေးရ။ မြင်းများပြားစေခြင်းငှာ အဲဂုတ္တုပြည်သို့ လူကို မပြန်စေရ။ အကြောင်းမူကား၊ ထိုလမ်းသို့ မပြန်မသွားရဟု ထာဝရဘုရား အမိန့်တော်ရှိ၏။
17
သူ၏ စိတ်နှလုံးသည် ဖောက်ပြန်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း များစွာသော မယားတို့ကို မယူ ရ။ ရွှေငွေကိုလည်း များစွာမဆည်းဖူးရ။
18
ထိုရှင်ဘုရင်သည် သားစဉ်မြေးဆက်နှင့်တကွ၊ ဣသရေလအမျိုး၌ အသက်တာရှည်စွာ စိုးစံခြင်းအလိုငှာ၊ သူ၏ဘုရားသခင်ကို ကြောက်ရွံ့၍ ဤပညတ်တရား စကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင် သွန်သင် မည်အကြောင်း၊ သူ၏ညီအစ်ကိုတို့ကို မထီမဲ့မြင်ပြု၍ မာနထောင်လွှားသဖြင့်၊ တရားလမ်းမှ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲမည်အကြောင်း၊ နန်းတော်ပေါ်မှာ ထိုင်သောအခါ လေဝိသား ယဇ်ပုရောဟိတ်၌ ရှိသော ဤဓမ္မပညတ်တရားစာကို ရေးကူး၍ လက်ခံစာကို တသက်လုံး စောင့်ရှောက်ကြည့်ရှု ဘတ်ရွတ်ရမည်။
Settings

Reading Style

Typeface

Font Size 19px

Options