Skip to content
တရားဟောရာကျမ်း 12:25-29

တရားဟောရာကျမ်း 12:25-29

25
သင်သည် ထာဝရဘုရားနှစ်သက်တော်မူဘွယ် သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှစ၍ သားမြေးတို့သည် ချမ်းသာစွာ နေရမည်အကြောင်း၊ အသွေးကို ရှောင်ရ မည်။
26
သင်၌ သန့်ရှင်းသော ပူဇော်သက္ကာ၊ သစ္စာဂတိ အတိုင်းပြုသော ပူဇော်သက္ကတို့ကို ယူ၍၊ ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်သို့ သွားရမည်။
27
အသားနှင့်အသွေးကို ရောနှော၍၊ မီးရှို့ရာယဇ် တို့ကို၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင် ပေါ်မှာ ပူဇော်ရမည်။ ယဇ်ကောင်အသွေးကို၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ သွန်းလောင်း၍၊ အသားကို စားရမည်။
28
သင်၏ဘုရားသခင် ထာဝရဘုရား နှစ်သက် မြတ်နိုးတော်မူဘွယ်သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှ စ၍ သားမြေးအစဉ်အဆက်တို့သည် ချမ်းသာစွာ နေရမည်အကြောင်း၊ ငါမှာထားသမျှသော ဤစကား တို့ကို စေ့စေ့နားထောင်၍ စောင့်ရှောက်လော့။
29
သင်သွား၍ ဝင်စားလတံ့သောပြည်၌ရှိသော လူမျိုးတို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ရှေ့မှာပယ်ရှင်းတော်မူသဖြင့်၊ သူတို့နေရာပြည်၌ သင်သည် ဝင်၍နေသောအခါ၊

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်