Skip to content
တရားဟောရာကျမ်း 1:34-40

တရားဟောရာကျမ်း 1:34-40

34
သင်တို့စကားသံကို ထာဝရဘုရားကြား၍ မျက်တော်ထွက်လျက်၊
35
သူတို့ဘိုးဘေးတို့အား ငါပေးမည်ဟု ငါကျိန်ဆို သော ပြည်ကောင်းကို၊ ယေဖုန္နာ၏သား ကာလက်မှ တပါး၊ ဤဆိုးသောလူမျိုး တစုံတယောက်မျှ ဆက်ဆက် မမြင်ရ။
36
ထိုသူသည် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သော ကြောင့် မြင်ရ၏။ သူနင်းသောပြည်ကို သူမှစ၍ သူ၏သားမြေးတို့အား ငါပေးမည်ဟု ကျိန်ဆို တော်မူ၏။
37
သင်တို့အတွက် ထာဝရဘုရားသည် ငါ့ကိုလည်း အမျက်တော်ထွက်၍၊ သင်သည် ထိုပြည်သို့ မဝင်စားရ။
38
သင့်လက်ထောက် နုန်၏သား ယောရှုသည် ဝင်စားရမည်။ သူသည် ဣသရေလအမျိုးသား အမွေခံ စေမည့်သူ ဖြစ်သောကြောင့်၊ သူ့ကို အားပေးလော့။
39
ရန်သူလုယူရာဖြစ်မည်ဟု သင်တို့ဆိုသော သူငယ်များ၊ ထိုအခါ ကောင်းမကောင်းကို ပိုင်းခြား မသိနိုင်သေးသော သားသမီးများတို့သည် ထိုပြည်ကို ဝင်စား၍၊ ငါပေးသည်အတိုင်း သိမ်းယူကြလိမ့်မည်။
40
သင်တို့မူကား၊ လှည့်၍ဧဒုံပင်လယ်လမ်းဖြင့် တောသို့ခရီးသွားကြဦးလော့ဟု မိန့်တော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Options