Skip to content
ဒံယေလအနာဂတ္တိကျမ်း 5:23-24

ဒံယေလအနာဂတ္တိကျမ်း 5:23-24

23
ကောင်းကင်ဘုံ၏ အရှင်ကို ဆန့်ကျင်ဘက်ပြု၍၊ ဗိမာန်တော်၏ ဖလားတို့ကို ရှေ့တော်သို့ ယူခဲ့စေ၍၊ ကိုယ်တော်တိုင်မှစသော မှူးတော် မတ်တော်၊ မိဖုရား၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့်စပျစ်ရည်ကို သောက်ကြပြီတကား။ မျက်စိမမြင်၊ နားမကြား၊ အဘယ် အရာကိုမျှ မသိသော ငွေဘုရား၊ ရွှေဘုရား၊ ကြေးဝါ ဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ချီးမွမ်း၍၊ ကိုယ်တော်၏ အသက်သခင်တည်းဟူသော ကိုယ်တော်၏ အမှုအလုံးစုံတို့ကိုစီရင်ပိုင်တော်မူသော ဘုရားသခင်ကို မချီးမွမ်းဘဲ နေပါပြီတကား။
24
ထိုကြောင့်၊ လက်ဖျားကိုစေလွှတ်၍ ထိုစာကို ရေးစေတော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Options