ဒံယေလအနာဂတ္တိကျမ်း 4:23-26
23
သစ်ပင်စောင့်၊ သန့်ရှင်းသူတယောက်သည် ကောင်းကင်မှ ဆင်းလာ၍၊ သစ်ပင်ကို ခုတ်လှဲဖျက် ဆီးလော့။ သို့သော်လည်း၊ မြေ၌စွဲသော အမြစ်နှင့်တကွ သစ်ငုတ်ကို ခြွင်းထား၍ သံကြိုး၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသောမြက်ပင်ထဲ၌ရှိစေလော့။ ခုနစ် နှစ်ပတ်လုံး မိုဃ်းစွတ်ခြင်းကို ခံ၍၊ မြေတိရစ္ဆာန်တို့နှင့် ဆက်ဆံစေဟုဆိုသည်မှာ၊
24
အမြင့်ဆုံးသော ဘုရားသခင်စီရင်တော်မူ၍၊ အရှင်မင်းကြီးအပေါ်၌ ရောက်ရသော မြင်မက်တော် မူချက်၏ အနက်ဟူမူကား၊
25
ကိုယ်တော်ကို လူစုထဲက နှင်ထုတ်၍၊ မြေ တိရစ္ဆာန်တို့နှင့်အတူ နေရာချကြလိမ့်မည်။ အမြင့်ဆုံး သောဘုရားသည် လောကီနိုင်ငံကို အုပ်စိုး၍၊ ပေးလို သော သူတို့အား ပေးတော်မူသည်ကို ကိုယ်တော်မသိ မမှတ်မှီကာလ၊ ခုနစ်နှစ်ပတ်လုံးနွားကဲ့သို့ မြက်ကိုစား၍၊ မိုဃ်းစွတ်ခြင်းကို ခံလျက်နေရမည်။
26
သစ်မြစ်၊ သစ်ငုတ်ကိုခြွင်းထားစေခြင်းငှါ စီရင် ကြသည်အရာမှာ၊ ကောင်းကင်ဘုံသည် အုပ်စိုးကြောင်း ကို ကိုယ်တော်သိပြီးသောနောက်၊ နိုင်ငံတော်သည် လက်တော်မှ မရွေ့ဘဲ တည်လိမ့်မည်။
Settings