Skip to content
အာမုတ်အနာဂတ္တိကျမ်း 9:7-10

ဣသရေလ၏ ကိုယ်ပိုင်လက္ခဏာနှင့် နောက်ဆုံးထိန်းသိမ်းခြင်း

အာမုတ်အနာဂတ္တိကျမ်း 9:7-10
7
အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် ငါ၌ ကုရှအမျိုးသားကဲ့သို့ ဖြစ်ကြသည်မဟုတ်လော။ ဣသရေ လအမျိုးကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သကဲ့သို့၊ ဖိလိတ္တိ လူတို့ကို ကတ္တောရပြည်မှ၎င်း၊ ရှုရိလူတို့ကို ကိရပြည်မှ၎င်း ငါနှုတ်ဆောင်ပြီ မဟုတ်လောဟု ထာဝရဘုရား မိန့်တော်မူ၏။
8
အရှင်ထာဝရဘုရားသည် အပြစ်ရှိသော တိုင်းနိုင်ငံကို ကြည့်ရှုလျက်၊ ထိုတိုင်းနိုင်ငံကို မြေကြီးပြင်မှ ငါသုတ်သင်ပယ်ရှင်းမည်။ သို့သော်လည်း၊ ယာကုပ်အမျိုးကို ရှင်းရှင်းမဖျက်ဆီးဟု မိန့်တော်မူ၏။
9
တဖန် ငါအမိန့်တော်ရှိသဖြင့် ဆန်ကို ဆန်ခါနှင့် ချသကဲ့သို့၊ ဣသရေလအမျိုးကို ခပ်သိမ်းသော အမျိုးတို့တွင် ဆန်ခါနှင့်ငါချမည်။ ဆန်တစေ့မျှ မြေသို့မကျရ။
10
ဘေးဥပဒ်သည် ငါတို့ကို မမှီနိုင်၊ မဆီးတားနိုင်ဟု ဆိုလျက်၊ အပြစ်များသော ငါ၏လူအပေါင်းတို့သည် ထားဖြင့် သေရကြလိမ့်မည်။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options