Skip to content
တမန်တော်ဝတ္ထု 15:40

တမန်တော်ဝတ္ထု 15:40

အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 40 ကို ပြသနေသည်။
37
ဗာနဗသည် မာကုအမည်ရှိသော ယောဟန်ကို ခေါ်မည်ဟု အကြံရှိ၏။
38
ပေါလုက၊ ပံဖုလိပြည်၌သူတို့နှင့်ခွါ၍ အမှုထမ်း ရာသို့မလိုက် မသွားသောထိုသူကိုမခေါ်သင့်ဟု သဘောရှိ၏။
39
ထိုအကြောင်းနှင့် အချင်းချင်း မသင့်သဖြင့် တခြားစီသွား၍၊ ဗာနဗသည်မာကုကို ခေါ်ပြီးလျှင် ကုပရုကျွန်းသို့လွှင့်လေ၏။
40
ညီအစ်ကိုတို့သည် ပေါလုကိုဘုရားသခင်၏ ကျေးဇူးတော်သို့ အပ်နှံကြသဖြင့်၊ သူသည်သိလကို ရွေးချယ်ပြီးလျှင်ထွက်၍၊
41
အသင်းတော်များကို မြဲမြံခိုင်ခံ့စေလျက်၊ ရှုရိပြည်၊ ကိလိကိပြည် တို့ကို ရှောက်သွားလေ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်

Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options