တိမောသေဩဝါဒစာဒုတိယစောင် 1:13-14
13
ငါ့ထံ၌ကြားရပြီးသော၊ စင်ကြယ်သောတရား စကားအချုပ်အခြာကို၊ ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ စွဲလမ်းလော့။
14
သင်၌အပ်ထားသော အရာမြတ်ကို ငါတို့၌ ကျိန်းဝပ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်အား ဖြင့် စောင့်ရှောက်လော့။