- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
ဒါဝိဒ်သည် မိမိတပ်များကို စီစဉ်ခြင်း
ဓမ္မရာဇဝင်ဒုတိယစောင် 18:1-5
1
ဒါဝိဒ်သည် မိမိ၌ပါသော လူတို့ကိုရေတွက်၍ တထောင်အုပ်၊ တရာအုပ်တို့ကို ခန့်ထား၏။
2
လူသုံးစုတစုကို ယွာဘ၌၎င်း၊ တစုကို ဇေရုယာ သား ယွာဘညီ အဘိရှဲ၌၎င်း၊ တစုကိုဂိတ္တိလူ အိတ္တဲ၌၎င်း အပ်၍၊ ငါ့ကိုယ်တိုင်ချီသွားမည်ဟု လူများတို့အား မိန့်တော် မူ၏။
3
လူများတို့ကလည်း၊ ကိုယ်တိုင်ကြွတော်မမူပါနှင့်။ ကျွန်တော်တို့ပြေးသော်လည်း သူတို့သည်အမှုမထား ကြပါ။ ကျွန်တော်တို့ တဝက်သေသော်လည်း သူတို့သည်အမှုမထားကြပါ။ ကိုယ်တော်မူကား၊ ကျွန်တော်တို့ တသောင်းထက် မြတ်တော်မူ၏။ သို့ဖြစ်၍ ကျွန်တော် တို့ကို မြို့ထဲက မစတော်မူလျှင်သာ၍ ကောင်းပါလိမ့်မည် ဟု လျှောက်ကြ၏။
4
ရှင်ဘုရင်ကလည်း၊ ငါသည်သင်တို့အလိုသို့ လိုက်မည်ဟု မိန့်တော်မူ၍ တံခါးဝနားမှာ ရပ်တော်မူ လျှင်၊ လူအပေါင်းတို့သည် တရာတပ်၊ တထောင်တပ်အား ဖြင့် ချီသွားကြ၏။
5
ရှင်ဘုရင်ကလည်း၊ ငါ့မျက်နှာကို ထောက်၍ ငါ့သားအဗရှလုံကို ဖြည်းညှင်းစွာ ပြုကြလော့ဟု ယွာဘ၊ အဘိရှဲ၊ အိတ္တဲတို့ကို မှာထားတော်မူ၏။ ထိုသို့ ရှင်ဘုရင် သည် အဗရှလုံအတွက် ဗိုလ်မင်းအပေါင်းတို့ကို မှာထား တော်မူသောအခါ၊ လူအပေါင်းတို့သည် ကြားကြ၏။
Settings