ဓမ္မရာဇဝင်စတုတ္ထစောင် 23:16-18
16
ယောရှိမင်းသည် လှည့်လည်၍ ကြည့်ရှုလျက်၊ ထိုတောင်ပေါ်မှာရှိသော သင်္ချိုင်းကို မြင်သောအခါ၊ လူကို စေလွှတ်၍ ထိုသင်္ချိုင်းထဲက လူသေအရိုးတို့ကို ထုတ်ပြီး လျှင်၊ ထိုအမှုကို အထက်ကဘော်ပြသော ဘုရားသခင် ၏လူ ဆင့်ဆိုသော ထာဝရဘုရား၏ စကားတော်အတိုင်း၊ အရိုးတို့ကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍ညစ်ညူးစေတော် မူ၏။
17
ယောရှိမင်းကလည်း၊ ငါမြင်သော ထိုမှတ် ကျောက်ကား အဘယ်သို့နည်းဟုမေးလျှင်၊ မြို့သားတို့က၊ ကိုယ်တော်သည် ဗေသလယဇ် ပလ္လင်၌ပြုတော်မူသော အမှုကို၊ ယုဒပြည်မှလာ၍ ဘော်ပြသော ဘုရားသခင်၏ လူသင်္ချိုင်းဖြစ်ပါသည်ဟု ပြန်လျှောက်ကြသော်၊
18
ရှင်ဘုရင်က၊ ရှိစေလော့။ ထိုသူ၏အရိုးတို့ကို အဘယ်သူမျှ မရွှေ့စေနှင့်ဟု မိန့်တော်မူသည်အတိုင်း သူ၏ အရိုးတို့နှင့် ရှမာရိမြို့မှ လာသောပရောဖက်အရိုး တို့ကို ရှိစေကြ၏။
Settings