ဓမ္မရာဇဝင်စတုတ္ထစောင် 22:16-20
16
ယုဒရှင်ဘုရင် ဘတ်သော ကျမ်းစကားလာသမျှ အတိုင်း ငါသည် ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဘေးရောက်စေမည်။
17
အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ကြပြီ။ မိမိလုပ်သော အရာတို့ဖြင့် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ အခြားတပါးသော ဘုရားတို့ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ ကြပြီ။ ထိုကြောင့်ဤအရပ်၌ ငါ့အမျက်မီးသည် မငြိမ်းဘဲ လောင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
18
ထာဝရဘုရားကို မေးလျှောက်စေခြင်းငှါ သင်တို့ ကို စေလွှတ်သော ယုဒရှင်ဘုရင် ကြားသော ကျမ်းစကား ကို ရည်ဆောင်၍၊ ဣသရေလအမျိုး ၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူကြောင်းကို ထိုရှင်ဘုရင်အား တဖန် ပြန်လျှောက်ရမည်ကား၊
19
ဤအရပ်သားတို့သည် ဖျက်ဆီးရာနှင့်ကျိန်ဆဲရာ ဖြစ်ရကြလိမ့်မည်ဟု ဤအရပ်ကို၎င်း၊ ဤအရပ်သား တို့ကို၎င်း၊ ငါခြိမ်းချောက်သော စကားကို သင်သည် ကြား သောအခါ၊ နူးညံ့သောစိတ်ရှိ၍ ထာဝရဘုရားရှေ့တော်၌ ကိုယ်ကိုနှိမ့်ချခြင်း၊ ကိုယ်အဝတ်ကိုဆုတ်ခြင်း၊ ငါ့ရှေ့မှာ ငိုကြွေးခြင်းကို ပြုသောကြောင့် သင့်စကားကို ငါနား ထောင်၏။
20
ငါသည်သင့်ကို ဘိုးဘေးစုဝေးရာသို့ပို့ဆောင်၍၊ သင်သည် ငြိမ်ဝပ်စွာသင်္ချိုင်းသို့ ရောက်ရလိမ့်မည်။ ဤအရပ်၌ ငါရောက်စေအံ့သော ဘေးကို သင့်ကိုယ်တိုင် မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။
Settings