ဓမ္မရာဇဝင်စတုတ္ထစောင် 18:26-28
26
ထိုအခါ ဟိလခိသား ဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က၊ ရှုရိဘာသာစကားအားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါလော့။ ထိုစကားကို ကျွန်တော်တို့သည်နားလည်ပါ၏။ မြို့ရိုးပေါ်မှာ ရှိသောသူတို့သည် ကြားရအောင် ယုဒ ဘာသာစကားအားဖြင့် အမိန့်မရှိ ပါနှင့်ဟု ရာဗရှာခ ကိုဆိုကြလျှင်၊
27
ရာဗရှာခက၊ ငါ့သခင်သည် သင်၏သခင်နှင့်သင့်အား သာဤစကားကိုပြောစေခြင်းငှါ ငါ့ကို စေလွှတ်တော်မူသလော။ မြို့ရိုးပေါ်မှာ ထိုင်လျက် သင်တို့နှင့်အတူ မိမိတို့မစင်ကိုစား၍၊ မိမိတို့ရေဟောင်းကို သောက်ရသောသူတို့ရှိရာသို့စေလွှတ်တော်မူသည် မဟုတ်လောဟုဆိုပြီးလျှင်၊
28
ရာဗရှာခသည်ထ၍ ယုဒဘာသာ စကားအားဖြင့်ကျယ်သောအသံနှင့်ကြွေးကြော်လျက်၊ မဟာအရှင်မင်းကြီးအာရှုရိရှင်ဘုရင်၏ အမိန့်တော်ကိုနားထောင်ကြလော့။
Settings