ဓမ္မရာဇဝင်စတုတ္ထစောင် 14:3-4
3
ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌တရား သော အမှုကိုပြုသော်လည်း၊ အဘဒါဝိဒ်၏ အကျင့်ကိုမမှီ၊ ခမည်းတော်ယောရှပြုသမျှအတိုင်းပြု၏။
4
သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာ ပေါင်းကို မီးရှို့ကြ၏။