ဓမ္မရာဇဝင်စတုတ္ထစောင် 10:6-7
6
ယေဟုကလည်း၊ သင်တို့သည် ငါ၏လူဖြစ်၍ ငါ့စကားကို နားထောင်လျှင်၊ သင်တို့သခင့်သားတို့၏ ဦးခေါင်းများကိုယူ၍ ယေဇရလေမြို့၊ ငါရှိရာသို့ နက်ဖြန် နေ့ယခုအချိန်၌ လာကြလော့ဟု တဖန်စားပေး လိုက်လေ၏။ ရှင်ဘုရင်၏သားတော်ပေါင်း ခုနစ်ကျိပ် ရှိသည်ဖြစ်၍၊ လုပ်ကျွေးသောမြို့သားအကြီးအကဲတို့၌ ရှိကြ၏။
7
ထိုစာရောက်သောအခါ၊ ရှင်ဘုရင်၏ သားတော် ခုနစ်ကျိပ်တို့ကိုယူ၍ သတ်သဖြင့်၊ ဦးခေါင်းများကို တောင်း တို့၌ ထည့်ပြီးလျှင်၊ ယေဇရေလမြို့၊ ယေဟုထံသို့ ပေးလိုက် လေ၏။
Settings