11
အချင်းကောရိန္သုလူတို့၊ ငါတို့နှုတ်သည် သင်တို့အာ ဖွင့်လျက်ရှိ၏။ စိတ်နှလုံးသည်လည်း ကျယ်ဝန်း၏။
12
ငါတို့၌သင်တို့သည် ကျဉ်းမြောင်းသည် မဟုတ်။ ကိုယ်မေတ္တာ ကရုဏာ၌သာ ကျဉ်းမြောင်းကြ၏။
13
ငါတို့ကျေးဇူးကိုဆပ်ခြင်းအလို့ငှါ ကျယ်ဝန်းသောစိတ် ရှိကြလော့။ ထိုသို့ဆိုသော် ကိုယ်သားတို့ကို ဆိုသကဲ့သို့ ငါဆို၏။