ကောရိန္သုဩဝါဒစာဒုတိယစောင် 1:3-7
3
သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်း အမျိုးမျိုးတို့၏ အရှင်တည်းဟူသော ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာ ရှိတော်မူစေတည်း။
4
ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော် အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့ အားသက်သာ စေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရား သခင်သည် ငါတို့အားသက်သာစေတော်မူ၏။
5
အဘယ်သို့နည်းဟူမူကား၊ ခရစ်တော်ကြောင့် ငါတို့ခံရသော ဆင်းရဲခြင်းသည် အလွန်များပြားသည် နည်းတူ၊ ခရစ်တော်၏ကျေးဇူး အားဖြင့် ငါတို့ခံရသော သက်သာခြင်းသည် အလွန်များပြား၏။
6
သို့ဖြစ်၍ငါတို့သည် ဆင်းရဲခြင်းကိုခံရသော်၎င်း၊ သက်သာခြင်း သို့ရောက်သော်၎င်း၊ သင်တို့၏ သက်သာခြင်းနှင့် ကယ်တင်ခြင်း အကျိုးအလိုငှါဖြစ်၏။ ငါတို့သည် ဆင်းရဲခြင်းကိုခံရသကဲ့သို့ သင်တို့သည် သည်းခံသော စိတ်နှင့်ခံရသောအားဖြင့်၊ ထိုသက်သာခြင်းနှင့် ကယ်တင်ခြင်းသည်ပြည့်စုံတတ်၏။
7
သင်တို့အတွက်ကြောင့်ငါတို့သည် မရွေ့နိုင်သော မြော်လင့်ခြင်းရှိ၏။ သင်တို့သည် ဆင်းရဲခြင်း ကိုဆက်ဆံသကဲ့သို့၊ ထိုနည်းတူသက်သာခြင်းကို ဆက်ဆံကြ၏ဟုငါတို့သည်သိကြ၏။
Settings