Skip to content
ကောရိန္သုဩဝါဒစာဒုတိယစောင် 1:21

ကောရိန္သုဩဝါဒစာဒုတိယစောင် 1:21

အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 21 ကို ပြသနေသည်။
18
ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသကဲ့သို့၊ သင်တို့ဆီသို့ ငါတို့ပေးလိုက်သော စကားသည် ဟုတ်မှန်၏ ဟူ၍၎င်း၊ မဟုတ်မမှန် ဟူ၍၎င်း၊ မဆိုလို။
19
ငါမှစ၍သိလွာနုနှင့် တိမောသေတို့သည် သင်တို့အားဟောပြောသော ဘုရားသခင်၏သားတော် ယေရှုခရစ်သည် ဟုတ်မှန်၏ ဟူ၍၎င်း၊ မဟုတ်မမှန်ဟူ ၍၎င်းမဆိုလိုဘဲ၊ ကိုယ်တော်မှာ ဟုတ်မှန်၏ ဟူ၍ သာဆိုလိုသတည်း။
20
ထိုသခင်မှာ ဘုရားသခင်၏ ဂတိတော်ရှိသမျှ တို့သည် ငါတို့ အားဖြင့် ဘုန်းအသရေတော်ကို ထင်ရှား စေခြင်းအလိုငှါ၊ ဟုတ်မှန်၏ဟူ၍၎င်း၊ အာမင်ဟူ၍ ၎င်းဖြစ်သတည်း။
21
သင်တို့နှင့်ငါတို့ကို ခရစ်တော်၌တည်စေ၍ ဘိသိက်ပေးသော သူကား၊ ဘုရားသခင်ဖြစ်သတည်း။
22
ထိုဘုရားသခင်သည် ငါတို့ကိုတံဆိပ်ခတ်၍ ငါတို့စိတ်နှလုံးထဲ၌ ဝိညာဉ်တော်တည်းဟူသော စားရန်ကိုသွင်းပေးတော်မူ၏။
23
ငါသည်သင်တို့ကို သနားသောကြောင့်သာ ယခုတိုင်အောင် ကောရိန္သုမြို့သို့မလာဟု ငါစိတ်ဝိညာဉ် ဘက်၌ ဘုရားသခင်ကို ငါတိုင်တည်၏။
24
ထိုသို့ဆိုသော်လည်း၊ ငါတို့သည်သင်တို့၏ ယုံကြည်ခြင်းကို အစိုးရသည်မဟုတ်။ သင်တို့၏ ဝမ်မြောက်ခြင်းအကြောင်းကို ကူမ၍သာပြုကြ၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ယုံကြည်ခြင်းအားဖြင့် သင်တို့သည်တည်နိုင်ကြ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်