Skip to content
ရာဇဝင်ချုပ်ဒုတိယစောင် 7:11-22

ရာဇဝင်ချုပ်ဒုတိယစောင် 7:11-22

11
ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ်၍၊ ဗိမာန်တော်နှင့်နန်းတော်၌ လုပ်ဆောင် မည်ဟု ကြံစည်လေသမျှသော အကြံသည် အထမြောက် သောအခါ၊
12
ထာဝရဘုရားသည် ညဉ့်အချိန်တွင် ထင်ရှား တော်မူလျက်၊ သင်ပြုသောပဌနာစကားကိုငါကြားပြီ။ ဤအရပ်ဌာနကို ယဇ်ပူဇော်ရာ အိမ်ဖြစ်စေခြင်းငှါ ကိုယ်အဘို့ငါရွေးယူပြီ။
13
မိုဃ်းမရွာစေခြင်းငှါ ငါသည် မိုဃ်းခေါင်စေ သော်၎င်း၊ ကျိုင်းတို့သည် မြေအသီးအနှံကို ကိုက်စားစေ ခြင်းငှါ ငါမှာထားသော်၎င်း၊ ငါ့လူတို့ ကာလနာကိုစေလွှတ်သော်၎င်း၊
14
ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကို နှိမ့်ချသဖြင့်၊ ငါ့မျက်နှာကိုရှာလျက် ဆုတောင်းပဌနာပြု၍ အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကို ဖြေ၍ သူတို့ပြည်ကို ချမ်းသာပေးမည်။
15
ငါကြည့်ရှုမည်။ ဤအရပ်ဌာန၌ ဆုတောင်း သော စကားကို ငါနားထောင်မည်။
16
ငါ့နာမသည် အစဉ်တည်၍ ငါ့မျက်စိနှင့် ငါ့နှလုံးအစဉ် စွဲလမ်းစရာဘို့ ဤအိမ်ကို ငါရွေးချယ်၍ သန့်ရှင်းစေပြီ။
17
သင်သည် ငါမှာထားသမျှကို ပြု၍ ငါစီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ သင့်အဘဒါဝိဒ် ကဲ့သို့ ငါ့ရှေ့မှာ ကျင့်နေလျှင်၊
18
ဣသရေလနိုင်ငံကို အုပ်စိုးရသောသင်၏အမျိုး မင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ်နှင့် ငါပဋိညာဉ်ဖွဲ့သည် အတိုင်း၊ သင်ထိုင်ရသော ရာဇပလ္လင်ကို အစဉ်ငါတည် စေမည်။
19
သို့မဟုတ်သင်တို့သည် လမ်းလွဲ၍ ငါမှာထား သော စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်သဖြင့်၊ အခြား တပါးသော ဘုရားထံသို့သွား၍ ဝတ်ပြုကိုးကွယ်လျင်၊
20
ငါပေးသောပြည်မှ သူတို့ကို အမြစ်နှင့်တကွ ငါနှုတ်ပစ်မည်။ ငါ့နာမအဘို့ ငါသန့်ရှင်းစေသော ဤအိမ် တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည်။ တပါးအမျိုးသား တို့တွင် ပုံခိုင်းရာကဲ့ရဲ့ရာ ဖြစ်စေမည်။
21
အရပ်မြင့်သော ဤအိမ်တော်ကိုလည်းလမ်း၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ ထာဝရ ဘုရားသည် ဤပြည်နှင့် ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု တယောက်မေးမြန်းသော်၊
22
တယောက်က၊ သူတို့၏ဘိုးဘေးများကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သောဘုရားသခင်ထာဝရဘုရားကို သူတို့သည် စွန့်၍ အခြားတပါးသော ဘုရားကို မှီဝဲလျက် ဝတ်ပြုကိုးကွယ်ကြသောကြောင့် ဤအမှုအလုံးစုံကို ရောက်စေတော်မူကြောင်းကို ပြန်ပြောလိမ့်မည်ဟု မိန့်တော်မူ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options