Skip to content
တိမောသေဩဝါဒစာပဌမစောင် 6:3-5

မမှန်သော ဆရာများကို သတိပေးခြင်း

တိမောသေဩဝါဒစာပဌမစောင် 6:3-5
3
ခြားနားသောဩဝါဒကိုသင်ပေး၍၊ ငါတို့သခင် ယေရှုခရစ်၏စကားတည်းဟူသော စင်ကြယ်သော စကားကို၎င်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သော ဩဝါဒကို၎င်း ဝန်မခံသောသူ မည်သည်ကား၊
4
မာနနှင့်ယစ်မူး၍ အလျှင်နားမလည်ဘဲ၊ ပုစ္ဆာအမေးကို ဆွေးနွေး၍ စကားကြောင့်သာ ငြင်းခုံသော အားဖြင့် စိတ်ပေါ့သောသူဖြစ်၏။ ထိုသို့ပြုလျှင်၊ ငြူစူခြင်း၊ ရန်တွေ့ခြင်း၊ သူ့အသရေကိုရှုတ်ချခြင်း၊ မနာလိုသော ကြံစည်ခြင်း၊
5
စိတ်နှလုံးယိုယွင်း၍၊ သမ္မာတရားနှင့်ကင်းသော သူတို့ အချည်းနှီးဆွေးနွေးခြင်းဖြစ်တတ်၏။ ဘုရားဝတ်၌ မွှေ့လျော်ခြင်းသည် အကျိုး စီးပွားဖြစ်သည်ဟု သူတို့သည် စိတ်ထင်ကြ၏။ ထိုသို့သောသူတို့ကို ရှောင်လော့။
Settings

Reading Style

Typeface

Font Size 19px

Options