Skip to content
ဓမ္မရာဇဝင်ပဌမစောင် 2:14-17

ဓမ္မရာဇဝင်ပဌမစောင် 2:14-17

14
အိုးအစရှိသည်တို့၌ ထိုးခပ်၍၊ အမဲချိတ်တွင် ပါသမျှကို ယဇ်ပုရောဟိတ်သည် သိမ်းယူတတ်၏။ ရှီလောမြို့သို့ ရောက်လာသော ဣသရေလလူအပေါင်းတို့အား ထိုသို့ပြုကြ၏။
15
ဆီဥကို မီးမရှို့မှီ၊ ယဇ်ပုရောဟိတ်၏ အစေအပါသည်လာ၍၊ ယဇ်ပုရောဟိတ်ဘို့ ကင်စရာအမဲသား ကို ပေးပါ။ ပြုတ်သော အမဲသားကို မယူ။ စိမ်းသော အမဲသားကိုသာ ယူမည်ဟု ယဇ်ပူဇော်သော သူအား ဆိုတတ်၏။
16
ထိုသူက၊ ဆီဥကိုအရင် မီးရှို့ပါရစေ။ နောက်မှ ယူချင်တိုင်းယူပါဟုဆိုလျှင်၊ မဟုတ်ဘူး ယခုပေးရမည်။ သို့မဟုတ် အနိုင်ယူမည်ဟု ပြောဆိုတတ်၏။
17
ထိုယဇ်ပုရောဟိတ် ပျိုတို့သည်၊ ထာဝရဘုရားဝတ်ကို လူများ ရွံစရာပြုသောကြောင့်၊ ရှေ့တော်၌ အလွန်အပြစ်ကြီးသောသူ ဖြစ်ကြ၏။
Settings

Reading Style

Typeface

Font Size 19px

Options